ဤ Dashboard သည် Burma Campaign UK နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန (MOPFI) တို့မှ ထုတ်ပြန်ထားသော အချက်အလက်များကို ပြန်လည်စုစည်း၍ အသုံးပြုသူများအနေဖြင့် တစ်နေရာတည်းတွင် အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်ရန် ရည်ရွယ်၍ ဖန်တီးထားပါသည်။
Military-Linked Business တွင် မြန်မာစစ်တပ် (သို့မဟုတ်) စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုများက ပိုင်ဆိုင်ခြင်း၊ စီမံခန့်ခွဲခြင်း (သို့မဟုတ်) ထိန်းချုပ်ထားသော ကုန်ပစ္စည်းများ၊ အမှတ်တံဆိပ်များနှင့် ဝန်ဆောင်မှုများကို စုစည်းဖော်ပြထားပါသည်။
The Dirty List တွင် မြန်မာစစ်တပ်အား ငွေကြေး၊ လက်နက်၊ နည်းပညာ (သို့မဟုတ်) အခြားပစ္စည်းများဖြင့် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် ပံ့ပိုးကူညီနေသည့် နိုင်ငံတကာကုမ္ပဏီများအပြင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများနှင့် ဆက်နွယ်သော စီမံကိန်းများတွင် ပါဝင်သည့် ကုမ္ပဏီများကို ဖော်ပြထားပါသည်။
အောက်တွင် စာရင်းအပြည့်အစုံကို ကြည့်ရှုနိုင်ပြီး၊ အထက်တွင် ရိုက်ထည့်၍လည်း ရှာဖွေနိုင်ပါသည်။